Skip to main content

Project TheKey

$100.00

ဟိုတယ်ပရော့ဂျက် Project TheKey စတင်ပါပြီရှင်။ ဒီနေ့ကစပြီး မဲလက်မှတ်များ စတင်ဝယ်ယူနိုင်ပါပြီ။
မဲလက်မှတ်တစ်စောင်ကို USD 100 (USD100 နဲ့ညီမျှတဲ့ နိုင်ငံအလိုက် Currency) နဲ့ ဝယ်ယူထောက်ပို့ပါဝင်နိုင်ပါတယ်။
အားလုံးသိကြတဲ့အတိုင်း ဆုတန်ကြေးက အမေရိကန်ဒေါ်လာ သန်းချီ တန်ဖိုးရှိတဲ့ ရှမ်းပြည်နယ်က ဟိုတယ်၊မြေပိုင်ဆိုင်မှု ဖြစ်ပါတယ်။ တစ်ဦးတစ်ယောက်တည်းက ဟိုတယ်တစ်ခုလုံးကို ပိုင်ဆိုင်သွားတာထက် မဲပေါက်နိုင်ချေ Chance များတဲ့ ဆုမဲပုံစံကို အများတောင်းဆိုမှုအရ အခုလို စီစဉ်ထားပါတယ်။
ပထမဆု- 30% (၁)ဆု
ဒုတိယဆု- 20% (၁)ဆု
တတိယဆု- 10% (၁)ဆု
အထူးဆု- 5% (၅)ဆု
နှစ်သိမ့်ဆု- 3% (၅)ဆု ဖြစ်ပါတယ်။
ဒီပရော့ဂျက်ရဲ့ အဓိကဆုမဲ ဟိုတယ်ဟာ ဒီတော်လှန်ရေးကာလတောက်လျှောက် တစ်ဦးတစ်ယောက်တည်းလှူဒါန်းမှုမှာ တန်ဖိုးအကြီးမြင့်ဆုံး ပမာဏဖြစ်သလို ဝေဖန်တိုက်ခိုက်မှုတွေကိုလည်း ပရော့ဂျက်မစတင်ခင်ကတည်းက ကြုံတွေ့ရပါတယ်။
ဒါ့ကြောင့် ဥပဒေကြောင်းအရ လိုအပ်တဲ့ဆောင်ရွက်မှုတွေ၊ ကတိကဝတ်တွေ၊ စာချုပ်စာတမ်းတွေနဲ့ အသေအချာစနစ်တကျ စီမံထားသလို ကံထူးရှင်များအတွက် မည်သည့် Side Effect ကုန်ကျစရိတ်မှ မရှိစေရ၊ ယုံကြည်စိတ်ချရအောင် စီမံဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။ Terms and Conditions အပြည့်အစုံကို လက်မှတ်ဝယ်ယူရမယ့် Website ကနေ ဖတ်ရှုနိုင်အောင် စီစဉ်ပေးထားပါတယ်။
ဒီဟိုတယ်ဟာ တော်လှန်ရေးတောက်လျှောက် တစ်ဦးတည်းလှူဒါန်းမှုတွေထဲက အကြီးမားဆုံးအလှူဖြစ်သလို ပြည်သူတွေရဲ့ ပါဝင်မှုဟာလည်း ကြီးကြီးမားမားဖြစ်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။
ကံထူးသူတွေအနေနဲ့ အမေရိကန်ဒေါ်လာ သိန်းကြီးပိုင်း(မြန်မာငွေ သိန်းပေါင်းသောင်းချီ) ပိုင်ဆိုင်မှု အချိုးအစားကို ပိုင်ဆိုင်ခွင့်ရမှာဖြစ်ပြီး မပေါက်ခဲ့ရင်တောင် တော်လှန်ရေးအတွက် အထောက်အပံ့ကြီးကြီးမားမားတစ်ခုကို စုပေါင်းအားနဲ့ ထောက်ပို့နိုင်ကြမှာ ဖြစ်ပါတယ်။
ဒါ့ကြောင့် Project TheKey မှာ မဲလက်မှတ်များဝယ်ယူထောက်ပို့ပေးကြဖို့ နှိုးဆော်တိုက်တွန်းပါရစေရှင်။
မဲလက်မှတ်ဝယ်ယူရန်Link 👇
Category:

Description

Project TheKey

I am custom tab default content. Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

Reviews

There are no reviews yet.

Be the first to review “Project TheKey”

Instashop

Instagram did not return a 200.

Shopping Cart